ဆွမ်းကပ်လှူပုံ

လှူဖွယ်ဝတ္ထုပစ္စည်းကပ်လှူပူဇော်ရန်

ပုဒ် 4
1

ပုဒ်စဉ်များ

    1.

    ဆွမ်းကပ်လှူပုံ

    2.

    ရေချမ်းကပ်လှူပုံ

    3.

    ပန်းကပ်လှူပုံ

    4.

    ဆီမီးအလင်းရောင်ကပ်လှူပုံ

ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ၊ 

စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်၊ ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ 

ရှင်တော်မြတ်ဘုရားအား ခဲဘွယ်ချိုချဉ် ဆွမ်းဘောဇဉ်ကို၊

ဖြူစင်သဒ္ဓါ စေတနာဖြင့်၊ ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။ 

 

(ဆုတောင်း) ရသာမွှေးကြူ ဆွမ်းဖွေးဖြူကို၊

ပေးလှူပါရ ဤပုညကြောင့်၊ ဘဝတိုင်းဝယ် ပညာကြွယ်လျှက်၊ မြနှယ်ရွှေနှင့် အနေတင့်၊ 

အဆင့်ဆင့်မြင့်ရလို။ 

နောက်ဆုံးပြင်ဆင်ခဲ့သည့်နေ့: ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်