ဓမ္မစကြာအမွှန်း

ဓမ္မစကြာ + အနတ္တလက္ခဏသုတ္တ

ပုဒ် 3
1

ပုဒ်စဉ်များ

    1.

    ဓမ္မစကြာအမွှန်း

    2.

    ဓမ္မစကြာ ပါဠိတော်

    3.

    အနတ္တလက္ခဏာသုတ် ပါဠိတော်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗု ဒ္ဓဿ

 ပဉ္စဝဂ္ဂိယ မုခါနံ၊ ဒေဝါနံ မိဂဒါဝနေ။

ဓမ္မစက္ကံ ပဝတ္တေသိ၊ ဗုဒ္ဓေါမေ ဌါတုသီသကေ။

ယော ဗုဒ္ဓေါ = သစ္စာလေးဆိုင် ပန်းအခိုင်ကို လှမ်းကိုင်ခူးဆွတ် ဖူးအထွဋ်မို့

ဦးညွတ်နတ်လူ လွန်ကြည်ဖြူ သည့် သယမ္ဘူထွတ်ထား အရှင်မြတ်စွာဘုရားသည်။

ပဉ္စဝဂ္ဂိယ မုခါနံ = ကောဏ္ဍည, ဝပ္ပ ,ဘဒ္ဒိယ ,မဟာနာမ် ,အဿဇိ ငါးပါးရှိ

သည့် ဝဂ္ဂိစုံလင် ထေရ် အရှင်တို့ ရှေ့တင်ထူးဘိ အမှူးလည်းရှိပေထသော ။

ဒေဝါနံ = သမ္မာအမြတ် ဗြဟ္မာနတ်ဟု များမြတ်သင်္ချေ ဝေနေများစွာ သတ္တဝါ

တို့အား။

မိဂဒါ ဝနေ = သမင် ဒရယ် စိုင် ချေငယ် တို့ အသွယ်သွယ်စုဝေး ဘေးမဲ့ပေးရာ

မိဂဒါဝုန် ရဂုံကြိုင်လွှမ်း စုံမြိုင်နန်း၌။

ဓမ္မစက္ကံ = ဗုဒ္ဓ ဝါဒ ကြေညာပြသည့် မဇ္ဈိမပဋိပဒါ လေးသစ္စာဖြင့် ဦးစွာမိန့်မြွက်

ဓမ္မစက်ဟု အချက်အချာ ဓမ္မစကြာ ဒေသနာတော်ကြီးကို။

 

ပဝတ္တေသိ = တစ်ရာ့ သုံးခု နွေဥတု၏ ကြွေလုဝါဆို သာစိုကြည်မြေ့ စနေနေ့ဟု

ချမ်းမြေ့သာကြည် ပုဏ္ဏမီစက် စုံညီရက်တွင် တရားစက်လည်စေ ဟောမြွက်တော်မူ

ခဲ့ပါပေပြီ။

သော ဗုဒ္ဓေါ = ဓမ္မစကြာဒေသနာကို ဗြဟ္မာလူနတ် မူအရပ်ဖြင့် ယူမှတ်စေရာ ဟော

ကြားပါသည့် မဟာသုဂတ အတုလထွဋ်ထား ထိုရှင်တော်မြတ်ဘုရားသည်။

မေ = တပည့်တော်၏ ။

သီသကေ = မြတ်ရာထားတင် ဦးထိပ်ပြင်၌ ။

ဌါတု = ကာမဝဋ်ဗွေ ကရွတ်ခွေမှ ကျွတ်စေ လွတ်စေ စိတ်အနေဖြင့် ခြေတော်

စုံပန်း ကြွချီမြန်း၍ တန်းတန်းမတ်မတ် တန့်ရပ်တည်နေတော်မူလှည့်ပါ သကျ ဘုရင်

အနဂ္ဃအရှင် စင်္ကြာသ္ခင် အရှင်မြတ်စွာဘုရား။

နောက်ဆုံးပြင်ဆင်ခဲ့သည့်နေ့: ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်