Stress management ဖြစ်ဖို့အတွက် အကောင်းမြင်ဝါဒ ရှိဖို့လိုတယ်

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
9/19/2026
Stress management ဖြစ်ဖို့အတွက် အကောင်းမြင်ဝါဒ ရှိဖို့လိုတယ်

★ နောက်ဆုံးတစ်ခု Managing Stress ဆိုတဲ့ဟာလေး ၃မိနစ်ပဲရှိတဲ့ ဗီဒီယိုလေး အဲဒါလေးကြည့်ရအောင်။

Managing Stress Through Mindfulness: A Resiliency Tool

https://youtu.be/EJ2qnmoMVdo?si=JFvd4CQY3fkoqD_4

Science tell us that when we are in this positive, relaxed state, 

our stress hormones fall,

our anti-aging hormones rises,

★ ပထမဆုံးက positive and relaxed state ဆိုတာ အဲဒါ မုဒိတာခေါ်တာ။ ကောင်းတာကို ကြည့်တယ်၊ စိတ်ထဲက relaxed ဖြစ်တယ်၊ အဲဒါ မုဒိတာ။ အဲဒီလို ဖြစ်တယ်ဆိုရင်တဲ့ our stress hormones fall - stress ဖြစ်စေတဲ့ cortisol တို့ adrenaline ဟော်မုန်း တို့ အဲဒါတွေ ကျတယ်။ 

★ Stress management ဖြစ်ဖို့အတွက် ကောင်းဖို့အတွက် ဘာလုပ်ဖို့လိုတုန်းဆို အကောင်းမြင်ဝါဒ positive thinking ကောင်းတာရှိဖို့လိုတယ်။ 

★ တနေ့တနေ့မှာ ကိုယ့်ရဲ့ခေါင်းထဲမှာ ဖြတ်သန်းသွားတဲ့အတွေးတွေ၊ နှလုံးသားထဲမှာ ဖြတ်သွားတဲ့ ခံစားမှုတွေ၊ တစ်ခုစီတစ်ခုစီကို သီချင်းတစ်ပုဒ်နဲ့ ဥပမာပေးမယ်ဆိုရင် တစ်နေ့တစ်နေ့မှာ သီချင်းအပုဒ်ပေါင်း ၅သောင်းကျော်တယ်တဲ့။ သိပ္ပံပညာရှင်တွေ ပြောတာ။ ဗုဒ္ဓမြတ်စွာဘုရားကတော့ ကုဋေနဲ့ချီတယ်တဲ့။ 

★ ထားတော့ ၅သောင်းကျော်၊ အဲဒီ ၅သောင်းကျော် သီချင်းအပုဒ်ထဲမှာ တချို့အပုဒ်တွေဆိုရင်လေ ကိုယ်ကိုယ်တိုင်ဆိုရင်လည်း ကိုယ်က ပြန်နားထောင်ချင်တယ်။ နားထောင်ရတာ အားရှိတယ်၊ နားဝင်ချိုတယ်။ သူများကြားရင်လည်း သူများကြိုက်တယ်။

★ တချို့အပုဒ်တွေကျတော့ သူများ တခါလောက်ပဲ ကြားချင်တယ်၊ အဲဒီထက် ပိုကြားရင် ငြီးငွေ့သွားတယ်။ တချို့သီချင်းအပုဒ်တွေကျတော့ ကြားတောင် မကြားချင်ဘူး။ ကိုယ်ကိုယ်တိုင်လည်း ပြန်ပြီးတော့ မဆိုချင်ဘူး။ ကိုယ့်ရဲ့အတွေး ကိုယ့်ရဲ့ emotion တွေလေ၊ အဲဒီလိုဖြစ်တယ်တဲ့။

★ ဒါပေမဲ့ လူတွေရဲ့အတွေးက ၉၈ ရာခိုင်နှုန်းက မနေ့က အတွေးနဲ့ တူတူပဲတဲ့။ ၂ ရာခိုင်နှုန်းပဲ အသစ်ပါတာ။ အဲဒီထဲမှာ ၈၀ ရာခိုင်နှုန်းက negative တွေချည်းပဲ၊ negative ဖြစ်တဲ့အတွေးတွေ။ ဆိုလိုတာက ကိုယ့်ရဲ့အကောင်းဆုံးသီချင်းကို ကိုယ်ကပြန်မဆိုဘူး။

★ ကိုယ်လည်း မကြားချင်ဘူး၊ သူများလည်း မကြားချင်ဘူးဆိုတဲ့ သီချင်း၊ ကိုယ်တိုင်လည်းကြားရင် စိတ်ဓါတ်ကျတယ်၊ စိတ်ညစ်တယ်၊ သူများကြားရင်လည်း စိတ်ညစ်တယ်ဆိုတဲ့ သီချင်း၊ အဲဒီသီချင်းကို လူတိုင်းက ပြန်ဆိုတယ်တဲ့။ negative thinking ဖြစ်နေတာကို ပြောတာ။ 

★ စိတ်ညစ်စရာဆိုရင်လေ ‌ခေါင်းထဲကနေ ထုတ်လို့မရဘူး။ အလိုလိုနေရင်း စိတ်က အဲဒီရောက်သွားတာ။ ဘာနဲ့တူတုန်းဆို အခု ဥပမာနဲ့ဆိုရင်တော့ နားထောင်မကောင်းဘူးဆိုတဲ့ သီချင်းကိုမှ ရွေးပြီးတော့ ခဏခဏဆိုနေတာ။ အကောင်းဆုံးသီချင်းကိုကျတော့ မဆိုဘူး။ 

★ ဒါကြောင့် အမေတွေ ကိုယ့်ရဲ့အကောင်းဆုံး သီချင်းတွေ ဆိုကြပါ။ သူများဆီက သီချင်းကိုလည်း အကောင်းဆုံးသီချင်းကို နားထောင်ပါ၊ အသိအမှတ်ပြုပေးပါ။ I want you to sing your best song and to listen other people’s best song. 

★ Version အနေနဲ့ပြောမယ်ဆိုရင် version တွေအများကြီးရှိတယ်၊ best version, less than perfect version, worst version. တချို့ကျ ၁၀ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း၊ တချို့ကျ minus တောင် ဖြစ်တယ်။ အဲဒီထဲမှာ the best version ကို celebrate လုပ်ပါလို့ပြောချင်တာ။ ဒါက community ပဲ။ 

★ Community ကနေ ဥပမာဖြစ်ပြီးတော့ example ဖြစ်ပြီး တစ်နိုင်ငံလုံးကို ပျံ့သွားရင် ဘယ်လောက်ကောင်းမှာတုံး။ ညီညွတ်ရေးတရားတွေ ငြိမ်းချမ်းရေးတရားတွေ ဟောဖို့မလိုတော့ဘူး။ ကိုယ့်ရဲ့ အကောင်းဆုံးသီချင်းကိုပဲဆို၊ အိမ်မှာလည်း အကောင်းဆုံးသီချင်းဆို။ 

★ အလုပ်ကနေ အိမ်ပြန်ရောက်တဲ့အခါမှာ ဒီနေ့ ဘာအကောင်းဆုံး ကြိုးစားခဲ့တယ်။ ကိုယ့်အကြောင်း။ ကိုယ့်မိသာစုလည်း ဘာအကောင်းဆုံး လုပ်ခဲ့တုံး။ အဲဒီဟာဝွေ ပြောပြီးမှ ဘာအခက်အခဲရှိတုံး။ အဲဒီအခက်အခဲအကြောင်း ပြောတဲ့အခါမှာလည်း တို့အရင်တုန်းက ဘယ်လို အခက်အခဲမျိုး ကြုံတွေ့ခဲ့တယ်၊ အဲဒါတွေ တို့ ကျော်လွှားခဲ့တယ်ဆိုပြီးတော့ မုဒိတာ လုပ်ပါ၊ ကြိုးစားမှုကို မုဒိတာလုပ်ပါ။ 

★ Stress hormones က ကျရုံတင်မကဘူးတဲ့ ကိုယ့်ရဲ့ အကောင်းဆုံးသီချင်းဆိုရင် anti-aging ဟော်မုန်း raises တဲ့၊ အမေတွေ နုပျိုစေတဲ့ဟော်မုန်းတွေ အများကြီးထွက်တယ်တဲ့။ ဘန်ကောက်သွားပြီးတော့ ပလပ်စတစ်ဆာဂျီရီလုပ်ဖို့ မလိုဘူးတဲ့၊ စင်ကာပူလည်း သွားပြီးတော့ ပလပ်စတစ်ဆာဂျီရီ လုပ်ဖို့ မလိုဘူးတဲ့။ မုဒိတာပဲလုပ်ပါ။ ပြီးတော့ immune system ကိုယ့်ခံအားလည်းကောင်းတယ်။ 

★ သူ့ရဲ့အဓိကကျတဲ့ဟာ နှစ်ပိုင်းရှိတယ်၊ တစ်ပိုင်းက our breathe a little slower and a little deeper than usual - ခါတိုင်းထက်ပိုပြီးတော့ အသက်ရှူတဲ့နေရာမှာ ဘုန်းဘုန်းတို့ အာနာပါနသတိ လုပ်ခိုင်းတာပေါ့။ ၆စက္ကန့်လောက် အသက်ရှူပေးပါ။ 

★ 6 sec အဲဒီလို ရှူလိုက်လို့ စိတ်က stable ဖြစ်သွားပြီဆိုရင် bring to mind positive aspect of your life - ကိုယ့်ရဲ့စိတ်ထဲ ဘာတွေးခိုင်းတုန်းဆိုတော့ အဆင်ပြေတဲ့ အပိုင်းတွေ ကိုယ့်ဘဝ အဆင်ပြေတဲ့အပိုင်းတွေ တွေးပါတဲ့။ 

★ အဲဒီဟာတွေတွေးလို့ အဆင်ပြေတဲ့အပိုင်းတွေ အားကောင်းလာတယ်ဆိုရင် အဆင်မပြေတဲ့ဟာ သူ့ဟာသူ နည်းသွားမယ်။ မနက်က ကလေးတွေကိုတော့ dark wolf နဲ့ bright wolf ဆိုပြီးတော့ မြေခွေးနှစ်ကောင်းပြောတာပေါ့။ မြေခွေးနှစ်ကောင်နှင့်အတူ ဒီဗီဒီယိုကိုပြတယ်။ သူတို့လည်းပဲ my bright wolf journal ဆိုပြီးတော့ ဂျာနယ်လေး ရေးခိုင်းတယ်။ 

★ ကိုယ်ကြိုးစားမှု ဘယ် subject မှာ ဘယ်လိုကြိုးစားလို့ ဘယ်လောက်ထိ နားလည်ခဲ့တယ်၊ တတ်ခဲ့တယ်။ အဲဒါတွေးခိုင်းတယ်။ နောက်တစ်ခုကတော့ သူငယ်ချင်း ကိုယ့်နဲ့အဆင်ပြေတဲ့ သူငယ်ချင်း ကြိုးစားမှုကို အသိအမှတ်ပြုခိုင်းတယ်။ နောက်ပြီးတော့ ကိုယ့်မိဘရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုခိုင်းတယ်။ ကျေးဇူးတင်ခိုင်းတာ မဟုတ်ဘူး။ 

★ ကျေးဇူးတင်တယ်ဆိုရင် မိဘက ဘာပေးလို့ ကျေးဇူးတင်တယ်ဆိုရင် အပေးအယူလိုဖြစ်နေတယ်။ အပေးအယူပုံစံမျိုး မဟုတ်ဘဲနဲ့ မိဘက သူတို့ရဲ့ဘဝကို သူတို့က အောင်မြင်စေချင်တယ်။ အဲဒါနဲ့ ငယ်ကတည်းက ဘယ်လိုလုပ်ပြီးတော့ ကြိုးစားခဲ့တုန်း၊ မသိသေးရင် အိမ်ပြန်ရောက်တဲ့ခါမှာ ပြန်မေး။ 

★ မိဘက သားတို့သမီးတို့အရွယ် အဲဒီတုန်းက ဘယ်ကျောင်းသွားတုံး။ သူငယ်ချင်း ဘယ်နှစ်ယောက်ရှိတုံး။ ဘယ်ဘာသာရပ်တွေ enjoy လုပ်တုံး။ ဘယ်လိုအခက်အခဲတွေ ရှိခဲ့တုံး။ ဘယ်လို ကျော်လွှားခဲ့တုံး။ မိဘအကြောင်းမေးပါ။ 

★ သူတို့ရဲ့ကြိုးစားမှု အသိအမှတ်ပြုပါ။ အဲဒီလို မိဘကို အသိအမှတ်ပြုတဲ့ကလေး၊ မိဘကျေးဇူးတင်ဖို့ အထူးပြောဖို့ မလိုတော့ဘူး။ မိဘအကြောင်း တစ်ခု တွေးပြီးပြီဆိုရင် နောက်ဆုံးတော့ သူတို့ရဲ့ကျေင်းအကြောင်း။ ဒီကျောင်း ကောင်းတဲ့အကြောင်း တွေးခိုင်းတယ်၊ ရေခိုင်းတယ်။ အချိန်သိပ်မရလို့ သူတို့ရေးတာ မဖတ်လိုက်ရဘူး။ 

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏

(၁၃.၈.၂၀၂၆) MISY ကျောင်း ဝါဆိုသင်္ကန်းအလှူတွင် မိဘများ၊ ဆရာဆရာများအတွက် ဟောကြားတော်မူခဲ့သော တရားတော် မှ စာစီပူဇော်ပါသည်။ 

Telegram Channel https://t.me/OxfordSayadaw ကနေလည်းတရားစာပို့စ်များကို ဖတ်ရှုနိုင်ပါတယ်။ Telegram တွင် တရားစာသားများကိုကော်ပီယူလို့ရပါတယ်။