အားကိုးအစစ် အဖော်ကောင်းကိုရှာထားပါ

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
16/11/2026
အားကိုးအစစ် အဖော်ကောင်းကိုရှာထားပါ

❖ နံပါတ်နှစ် “ခိုးကိုးရာမဲ့ တွယ်ရာမဲ့ အားနွဲ့လှချေပါတကား” - သေခါနီးမှာ အသက်မရှူနိုင်မှ သေမှာလေ။ အဲဒီအချိန်မှာ တစ်ယောက်တည်း ခံစားရမှာနော်။ ဘယ်သူ့မှ ကိုယ့်ကို မကယ်နိုင်ပါဘူး။ မွန်းကြပ်နေပြီ ရှူလို့ မရတော့ဘူး။ ကြားလည်း မကြားတော့ဘူး၊ မမြင်တော့ဘူးနော်။ 

❖ အဲဒီအချိန်မှာ အတွေးပဲရှိတော့တယ်တဲ့။ ကိုယ်မှာလောင် တွေးတာ ရှိတော့တယ်။ အဲဒီတော့ အားကိုးထင်ပြီးတော့ ဆွေတွေမျိုးတွေကအစ ဥစ္စာပစ္စည်းတွေကို ပုံဖော်ပြီးတော့၊ ဘယ်လိုပဲတောင်းဆို တောင်းဆို အ‌ပြင်က ကြားပါတော့မလား။ အဲဒီကျမှ တကယ်အားကိုး မရှိတော့ဘူး။ 

❖ ကိုယ့်လက်ကိုယ်ခြေလည်း မလို့ရသေးလား။ ပါးစပ်ကော ဟလို့ရသေးလား။ အသက်ရှူလို့ ရပါအုန်းမလား။ (မရပါဘူး ဘုရား)။ အဲဒီမှာ အဆိုးဆုံးပဲ။ အဲဒီနေရာမှာ အဖော်ကောင်းမရှိရင်တော့ သွားပြီ။ ဒါကို နေတံမမ၊ နေသောဟမသ္မိ၊ နမေသော အတ္တာ။ အရိပ်ကို အကောင်ထင်လို့ ငါထင်နေရင်တော့ သွားပြီပေါ့။ 

❖ သတ္တဝါမဟုတ်ကြောင်းကို ဘုရား မြင်တဲ့ဉာဏ်အလင်းနဲ့ မဂ္ဂင်ဉာဏ်အလင်းနဲ့ကြည့်တော့မှ ဝယဓမ္မာ၊ ဘဝအဆုံး ဝဋ်အဆုံး တွေ့ထားရင် မကောင်းဘူးလား။ တွေ့ထားရမယ်၊ ကြိုးစားထားရမယ်နော်။ အဖော်ကောင်းရအောင် ရှာထားကြ။ အားကိုးအစစ်ကို ရှာထားကြရမယ်နော်။ စိတ်ချအောင် လုပ်ထားကြနော်။ 

❖ နံပါတ်သုံး “ကိုယ်ပိုင်ဥစ္စာ မရှိပါ ထားကာသွားရမှာပါလား တကား” - ပိုင်တယ်ပိုင်တယ် ထင်တာ၊ ကိုယ့်ကိုယ်ကိုယ် သတိထားပါ။ ပညာရှင်တွေပြောတာကြည့်၊ ကြက်ဥတွေထဲမှာ ဘဲဥလေးထည့်လိုက်တယ်။ အဲဒီတော့ အကောင်ဖြစ်တော့ ကြက်မကြီးက သူ့သားပဲ ထင်တာပေါ့။ ဒါပေမဲ့ ဘဲလေးတွေက ရေထဲသွားတော့ ကမ်းပေါ်ကနေကြည့်ပြီး စိတ်မချနေတာတဲ့။ 

❖ အပိုင်မှ မဟုတ်တာကြီးကို အိမ်တွေအိုးတွေကို အပိုင်လို့ လောကပညတ်အားဖြင့် အပိုင်ထင်နေတာကိုး။ မပိုင်လို့ပဲ သေရင်ထားခဲ့ရတာလေ။ ကိုယ့်နောက်ပါပါ့မလား။ ဒီကိုယ်လုံးကြီးလည်း ကိုယ်ပိုင်တာ ဟုတ်လား။ ဖောက်ပြန်တာ တားလို့မှ မရတာ။ ခဏပဲ ပျက်စီးမှာပဲလေ၊ အဲဒီတော့ မပိုင်ပါဘူးလို့ ဆုံးဖြတ်ချက်ချရမယ်။ ဘယ်ဟာမှ အပိုင်မရှိဘူး။ 

❖ စဥ်းစားကြည့် အခု ဓမ္မာရုံတွေကြည့်ပါ၊ စကားပြောလား။ ကိုယ့်လက်ကလေးကိုပဲ ပြန်ကြည့်ပါအုန်း။ လက်ကလေးကြည့်ပါအုန်း။ ခင်ဗျားပိုင်တဲ့လက်ပါလို့ ပြောလား။ မပြောပါဘူး။ မျက်စိမှိတ်ပြီး တွေးလိုက်ပါအုန်းမယ်။ မျက်နှာအမူအရာတွေ ပုံတွေဖော်လည်းပဲ စကားပြောသွားလား။ ပိုင်ပါဘူး။ အပိုင်ထင်နေတဲ့ပုဂ္ဂိုလ်တွေက တကယ်တော့ အရူးနဲ့တူပါတယ်။ 

❖ အပိုင်ထင်ပြီးတော့ တွေးတာ ဆုပ်ကိုင်ထားတယ်ခေါ်ပါတယ်။ တွေးလို့ မပြီးမနိုင်ဘူး၊ အဲဒီအတွက် ပူရလောင်ရတာ။ ပြီးတော့ အပူဓါတ်ဆိုရင် ကုသိုလ်လား အကုသိုလ်လား။ (အကုသိုလ်ပါ ဘုရား)။ အချိန်တိုင်း တွေးနေရင်း ဘဝပြောင်းနေသည်။ ရုပ်တွေကြမ်းတမ်းပြီးတော့ သေကြပြန်ရော အပယ်လေးပါးဆင်းရပြန်ရော။ 

❖ မပိုင်တာ အပိုင်လုပ်ပြီးတော့ အထင်မှားကြီးနဲ့ ပူရတော့ အောက်ဆင်းသွား။ မေတ္တာပေါင်းလိုက်ရင်တော့ တော်သေးတယ်။ အထက်ဆန်လည်းပဲ သေမှာပါပဲတဲ့။ အထက်သွားလည်းပဲ ခန္ဓာကိုယ်အကြီးကြီးဆိုတော့ မသာကြီးကျပေါ့ဗျာတဲ့။ သေမှာပါပဲတဲ့၊ သေမှာပါပဲ။ ၃၁ ဘုံ ဘယ်ဟာမှ အို နာ သေ မလွတ်တာကြီးကိုး။ 

❖ အဲဒီတော့ မပိုင်တာကြီးကို အပိုင်ထင်တာ ဖယ်တဲ့၊ တကယ့် အနှစ်သာရဖြစ်တဲ့ ဝိမုတ္တိဓါတ်တရားကိုပဲ အဖော်လုပ်သင့်တယ်လို့ ဆုံးဖြတ်ချက် မချသင့်ဘူးလား။ ချပါ။ ဘုရားတရားတော် အင်မတန် အေးချမ်းပါတယ်။ 

ဆက်လက်ဖော်ပြပါမည်။ 

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

၂၀၂၆ ဇူလိုင်လ ယောဂီဟောင်းတရားစခန်းတွင် ဟောကြားတော်မူခဲ့သော ဟောစဥ်(၂) #သံဝေဂတရားတော်မှ စာစီပူဇော်ပါသည်။ 

#တရားနာယူရန်

https://www.youtube.com/live/x0sQD4uefCE?si=iZ5ul9gB8uPZezxH