အကောင်းမြင်ဝါဒက စီးပွားရေးအတွက် ပိုပြီးတော့ တွက်ချေကိုက်တယ်

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
25/11/2026
အကောင်းမြင်ဝါဒက စီးပွားရေးအတွက် ပိုပြီးတော့ တွက်ချေကိုက်တယ်

★ ဒီနေ့ ဟောတဲ့ မုဒိတာအကြောင်းကို ပြန်ပြီးတော့ သုံးသပ်ပြမယ်။ ပါမောက္ခကြီး Dr.Robert Quinn သူ့ရဲ့ သီအိုရီ၊ အကောင်းဖက်ကို ကြည်ပြီးတော့ စွမ်းဆောင်ရည်မြင့်မားအောင် ဘဝရဲ့ရလဒ်တွေ ပိုပြီးတော့ကောင်းအောင်၊ သူတွေးခေါ်တဲ့ အဆင့်လေးဆင့်။ 

★ အဲဒီအဆင့်လေးဆင့်ကို အကျဥ်းချုံးလိုက်ရင် ကိုယ်အပိုင်းတွေးတာနဲ့ တခြားလူအပိုင်းတွေးတာ။ ကိုယ့်ကိုယ်ကိုယ် သိတယ်၊ တခြားလူတွေကို သိတယ်။ ဘယ်လိုကျမှ ကိုယ့်ကိုယ်ကိုယ် သိတုန်းဆို နံပါတ်တစ် ကိုယ့်ရဲ့ဘဝမှာ ကိုယ်ဘယ်လို ရလဒ်ကို လိုချင်တုံး။ 

★ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ သမီးတစ်ယောက်အနေနဲ့ သားတစ်ယောက်အနေနဲ့ မိခင်တစ်ယောက်အနေနဲ့ တိုင်းသူပြည်သားတစ်ယောက်အနေနဲ့ တစ်နေ့ လောကကြီးကနေ စွန့်ခွါသွားတဲ့အချိန်မှာ ငါ ဘယ်ဟာကို အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တယ်။ လုပ်နိုင်ခဲ့တယ်။ ကျေနပ်တယ်ဆိုပြီးတော့ စိတ်ထဲမှာ ခံစားရအောင် ကိုယ်က ဘယ်ဟာကို မျှော်လင့်တုန်း၊ ဘယ်လိုရလဒ်ကို စိတ်ထဲမှာ တွေးထားတုံး။ 

★ အင်္ဂလိပ်လိုပြောရင်တော့ value လို့ သူတို့ကမေးလေ့ရှိတယ်။ တွေးခေါ်မှုတန်ဖိုး၊ ဘဝမှာ ကိုယ်ဘယ်ဟာကို တန်ဖိုးထားတုံး၊ အဲဒါပြောတယ်။ အဲဒီလို တန်ဖိုးထားပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ သုံးသပ်တာ။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ သုံးသပ်တာကျတော့ အတွင်းပိုင်းမှာ ပွင့်လင်းတယ်တဲ့။ ဖွင့်တယ်ပေါ့၊ internally open ဖြစ်တယ်။ 

★ Inward looking နဲ့ outward looking၊ introverted နဲ့ extroverted ဒီနှစ်ခုစလုံးရတယ်။ ဒါကတော့ အင်္ဂလိပ်လို သူ့ရဲ့ technical အသုံးအနှုန်းတွေပေါ့။ ပထမဆုံးနှစ်ခုက (၁. ဘယ်လိုရလဒ်လိုချင်လဲ။ ၂. မိမိကိုယ်ကိုယ် ပြန်သုံးသပ်ပါသလား။) ကိုယ့်ကိုယ်ကိုယ်၊ နံပါတ်တစ်က value, နံပါတ်နှစ်က အဲဒီ value ကို အခြေခံပြီး သုံးသပ်တယ်။ 

★ ကိုယ်လိုချင်တဲ့ရလဒ် အဲဒီရလဒ်အပေါ်မှာ မူတည်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ သုံးသပ်တယ်တဲ့။ ကိုယ့်ရဲ့ လုပ်ဆောင်တဲ့အချက်၊ လုပ်ဆောင်တဲ့ခြေလှမ်း အဲဒါတွေ သုံးသပ်တယ်။ အဲဒါ နံပါတ်တစ် နဲ့ နံပါတ်နှစ်။

★ နံပါတ်သုံး (တခြားလူတွေကို သတိပြုမိသလား) ကျတော့ တခြားလူတွေရဲ့ တန်ဖိုးကို ကိုယ် သတိပြုမိသလား။ သူတို့မှာလည်း ရည်ရွယ်ချက်တွေရှိတယ်။ သူတို့ဖြစ်ချင်တာတွေ ရှိတယ်။ သူတို့ရဲ့ တန်ဖိုးတွေရှိတယ်။ သူတို့ရဲ့ aspiration ဆိုတာ သူတို့ရဲ့ အိပ်မက်လေးတွေလည်းရှိတယ်။ အဲဒါတွေက ဘာတွေတုံး။

★ နောက်ဆုံးတစ်ချက်ကတော့ (တခြားလူတွေရဲ့ idea ကို စိတ်ဝင်စားလား) အဲဒီ value ကို သူတို့ရဲ့ယုံကြည်မှုကို မူတည်ပြီးတော့ သူတို့ရဲ့အတွေးအခေါ် သူတို့ရဲ့လုပ်ဆောင်ချက် အထူးသဖြင့် သူတို့ရဲ့အားသာချက်။ အားနည်းချက်ကို ကြည့်ခိုင်းတာ မဟုတ်ဘူး။ အားနည်းချက်ကို ကြည့်တယ်ဆိုရင်တော့ ဘာ value မှ မရတော့ဘူး။ 

★ အားသာချက်ကို ကြည့်အောင်၊ ပါမောက္ခ Dr.Robert Quinn ရဲ့ လုပ်ဖော်ကိုင်ဖက်၊ ပါမောက္ခ Dr Kim Cameron ရဲ့ ဗီဒီယိုကို ပထမဆုံး ဘုန်းဘုန်းပြောပြတယ်။ အကောင်းကြည့်ပြီးတော့ အလုပ်လုပ်တဲ့လူနဲ့ ချို့ယွင်းချက်ကြည့်ပြီးတော့ အလုပ်လုပ်တဲ့လူ၊ နှစ်ယောက်စလုံးကြိုးစားတယ်၊ နှစ်ယောက်စလုံးရိုးသားတယ်။ 

★ ရလဒ်မှာကျတော့ အကောင်းကို ကြည့်ပြီးတော့ အလုပ်လုပ်တဲ့လူက လေးဆ performance လုပ်ဆောင်ချက်ပိုမြင့်ပါတယ်တဲ့။ လေးဆ ပိုပြီးတော့ အောင်မြင်တယ်ပေါ့။ 

★ တနည်းအားဖြင့် ပြောမယ်ဆိုရင် ချို့ယွင်းချက်ကို ကြည့်ပြီးတော့ ချို့ယွင်းချက်တွေပဲ လိုက်ပြီးတော့ ဖာနေတဲ့လုပ်ငန်းရှင်တစ်ယောက်၊ ဆရာ ဆရာမတစ်ယောက်၊ မိဘတစ်ယောက်၊ သူ့ရဲ့ ရာနှုန်းပြည့် ကြိုးစားမှုကို အကောင်းမြင်ဝါဒ ရှိတဲ့လူက ၂၅ရာခိုင်နှုန်းပဲ ကြိုးစားရုံနဲ့ ရပါတယ်တဲ့။ 

★ ရာနှုန်းပြည့်ကြိုးစားတာချင်း တူရင်တော့ အကောင်းမြင်ဝါဒ နဲ့ ကြိုးစားတဲ့သူက ဘယ်နှစ်ဆ ပိုပြီးတော့ ရတုံး၊ လေးဆ ပိုပြီးတော့ အကျိုးအမြတ် ရရှိတယ်။ ဒါကြောင့် အကောင်းမြင်ဝါဒက စီးပွားရေးပိုပြီးတော့ တွက်ချေကိုက်တယ်။ 

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏

(၈.၁၀.၂၀၂၆) မန္တလေးမြို့ ကြင်းတော်ယန်ဗုဒ္ဓဘာသာကျောင်းတွင် ဟောကြားတော်မူခဲ့သော “အရေးအကြောင်းနဲ့ဆိုရင် မုဒိတာစိတ်ထားအမြင် အားကိုးလို့ရသလား? - Is Appreciative Mindset of Any Use in Critical Situations?” တရားသင်တန်း (ဒုတိယအချိန်) တရားတော်မှ စာစီပူဇော်ပါသည်။ 

Telegram https://t.me/OxfordSayadaw Channel ကနေလည်းတရားစာပို့စ်များကို ဖတ်ရှုနိုင်ပါတယ်။ 

#တရားတော်နာယူရန်

https://youtu.be/rdNC0bG8nHY?si=dwfz8ZPGXYg4oi1Z