❖ ယောဆရာတော်ကြီးက ဆုံးမတယ် အင်မတန် မှတ်စရာကောင်းပါတယ်။ ကိုယ့်အတွက် ဘဝတစ်ခုလုံးအတွက် အရေးကြီးဆုံးအလုပ်ကိုပြပါတဲ့။ ပြရခက်တယ်နော်။ ဆရာတော်ကြီးက ရှင်းရှင်းလေးရယ် လုပ်နေဆဲအလုပ်ကို ပြောတာပါဗျာတဲ့။ ထမင်းချက်ရင် ချက်နေတဲ့အလုပ်က ပြီးနေပြီလေ။
❖ မျက်စိမလည်ကြနဲ့။ တရားဟောလည်း ဟောရင်း ပြီးနေပြီ။ စားရေးလည်း ရေးရင်းပြီးနေပြီ။ အဲဒီမှာ အားလုံးပြီးနေပြီဆိုတာ သတိမထားကြတာ။ ပြုတဲ့ကုသိုလ်သတ္တိ ဒီမှာတင် မျိုးစေ့ချတဲ့သတ္တိ အားလုံးပြီးနေပြီ။ စဥ်းစားကြ၊ အနာဂတ်ဆိုတာ ရောက်လည်းမလာသေးဘူး။ သွားလုပ်လို့ရပါ့မလား။ (မရပါဘူး ဘုရား)။ အပိုဖြစ်နေတယ်၊ ကိုယ့်အတွက် မလိုအပ်ဘူးနော်။
❖ အတိတ်ကလည်းပဲ၊ ပြန်လုပ်လို့ရပါ့မလား။ လုပ်နေဆဲ အလုပ်လေးမှာစွမ်းအားထည့်လေ။ အနာဂတ်အတွက် ပြီးနေပြီ။ ဒါကြောင့်မို့လို့ အတွေးအားလုံးသည် ကိုယ့်ရဲ့အနာဂတ်မျိုးစေ့ဖြစ်ပါသည်။
❖ တို့တွေ့က စီမံကိန်းတွေအောင်မှ ချမ်းသာတယ်ထင်တာ မှားတယ်။ ချမ်းသာရှာတာလွဲနေတယ်။ ဒီမှာတင် ချမ်းသာအကုန်ရှိနေတာ။ အားလုံး အောင်ဓါတ်က အကုန်ရှိနေတာ ပြီးနေပြီ။ တို့အားလုံးက အောင်မြင်ချင်တယ် ကိစ္စတစ်ခုက ပြီးဆုံးချင်တာ မမက်ကြဘူးလား။ လုပ်ငန်းပြီးဆုံးချင်တယ်၊ ပြီးအောင် လုပ်ချင်တယ်၊ ပြီးအောင် လုပ်ချင်တယ် ပြောကြတယ်မို့လား။ မပြီးမချင်းက မပြီးသေးဘူးဆိုရင် ရင်ကြောတင်းမနေဘူးလား။ တင်းနေတာ။
❖ ကိစ္စအားလုံးရဲ့ ပြီးဆုံးခြင်းရှိနေတာကို သဘောပေါက်ကြ။ သေချာစဥ်းစားပါနော်။ ဥပမာအားဖြင့် လုပ်ငန်းအားလုံးရဲ့ပြီးဆုံးခြင်းရှိတယ်ဆိုတာ တို့တရားဟောတာ ဟောခြင်းကိစ္စ၊ တရားဟောခြင်းကိစ္စမှာလည်းပဲ ၇ရက်ဆိုတာ လောကသတ်မှတ်ချက် ပြီးသွားပြီ။ သို့သော် တကယ်ရှိတာက စကားတစ်ခွန်းတိုင်း တစ်ခွန်းတိုင်းက တကယ်ရှိနေတာ။ မသေချာဘူးလား။ အဲဒါပြီးနေပြီလေ။ ၁၅ရက်ပြီးဆုံးခြင်းက ဒီမှာ တစ်လုံးတည်း ပြီးနေတာ။ ပြီးဆုံးခြင်းရှိနေတယ်။
❖ လောကသတ်မှတ်ချက် ခဏဖယ်လိုက်ပြီးတော့ လက်ရှိမှာ ဟောရင်း ဟောရင်းနဲ့ ပြီးဆုံးနေပြီ။ လုပ်ငန်းရဲ့အောင်မြင်ခြင်းက ဒီမှာ ပြီးနေပြီ။ အောင်ဓါတ်ရနေပြီ။ ပြီးဆုံးရှိနေတာကို သတိမထားကြတာ။ ဉာဏ်သာကပ်လိုက်ရင် ပြီးတာမှ ဘယ်လောက်ပြီးလဲဆို သံသရာအဆုံးတောင် ရောက်နေပြီ။ ပြီးဆုံးခြင်းရောက်နေတာကို သတိမထားကြတာ။
❖ ဒါကို ထဲထဲဝင်ဝင် သိထားတဲ့ အရှင်မြတ်ကြီးတွေကတော့ အေးချမ်းလိုက်တာ။ ရှေ့ဆိုတာ သူ့မှာ ရှိသေးလား။ အဘိဇ္ဈာမလာတော့ဘူး၊ ဒီမှာတင် အကုန်ပြီးနေတာ။ ပြောဆဲ ဆိုဆဲမှာတင် ဘဝတစ်ခုလုံး ပြီးဆုံးခြင်း ရှိနေတယ်။ ဉာဏ်သာအပြည့်ထည့်၊ ကြွေးဟောင်းလည်းကျေ၊ ကြွေးသစ်မလာ။ ဘဝအဆုံးတောင် ရောက်နေကြပြီ၊ အေးချမ်းလိုက်တာ ပြောမနေနဲ့နော်။
❖ အဲဒါမသိတော့ မပြီးသေးဘူးထင်ပြီး ဘဝမှာ လုပ်စရာတွေ အများကြီးရှိသေးတယ် ထင်တဲ့ ပုဂ္ဂိုလ်တွေက အေးချမ်းပါ့မလား။ အမြဲတမ်းလိုနေမှာပေါ့။ အဲဒါ တဏှာ့ကျွန်တဲ့။ သူက ပုံသဏ္ဌာန်ချထားတာလေ။ မင်းမသေခင် ဘာလုပ်ရမှာနော်နဲ့ ပုံစံချပေးလိုက်တာ။ မသေခင် ဘယ်အထိ ပြီးအောင် လုပ်ခဲ့ရမှာနော်နဲ့ ပုံစံချပေးလိုက်တာ အဲဒါက ခိုင်တော့ကား မပြီးသေးဘူး ထင်ပြီး မနားတမ်း စိတ်ကို မချခဲ့ဘူးလေ။ မအေးချမ်းဘူး။ ယောဂီတွေ အဲဒါ ဖယ်ရမှာနော်။
❖ ဘာကို ခေါင်းစဥ်တပ်တုန်းဆို အခုသင်နေတာက တောင့်တကြောင့်ကြတွေ ပယ်နိုင်ဖို့ သင်နေတာလို့ မှတ်ကြပါ။ ကာမစ္ဆန္ဒ၊ ဗျာပါဒ သင်နေတာ၊ ပယ်ဖို့လို့ သင်နေတာ။ အောက်ခြေက ယောဂီတွေ နားလည်နေကြပြီ၊ သတ္တဝါမရှိမှန်း နားလည်နေကြပြီ။
❖ စီမံကိန်းတွေနဲ့ ခိုင်းခံနေရတဲ့ တဏှာ့ကျွန်ကနေ အရှိန်လျော့ဖို့လို့ သင်နေတာ။ အင်မတန်အေးချမ်းတာ ရှိတာ မသိကြပေမဲ့ ပင်ပန်းနေတာကို တွေ့နေတာ။ အားလုံးမှာ စဥ်းစားကြည့်၊ တဏှာပြီးရင် ဥပါဒါန်ဆိုတော့ သူက ပုံစံချပေးတဲ့အတိုင်း ကြိုက်လို့ ရွေးချယ်ထားတာရှိတယ်။ မသေခင် ဘယ်လုပ်ငန်းကြီးပြီးအောင်လုပ်ရမှာလို့ တွေးမထားဘူးလား။ အဲဒါ ဥပါဒါန်ခေါ်တယ်။ တဏှာအကြီးစားကြီး။
❖ ငါ မသေခင် ဒါကြီးဖြစ်မှ ပြီးမှာ။ ဖြစ်မှအေးမယ်လို့ ပြီးဆုံးတာကို လှမ်းပြီးတော့ပုံဖော်ပြီး ခိုင်းထားတာ။ အဲဒါ ကာမစ္ဆန္ဒခေါ်တယ်။ အဲဒီမှာ မပြီးသေးဘူးဆိုတော့ ရင်ထဲ အေးပါ့မလား။ ဗျာပါဒ အပူပါ ရှိနေတယ်။ မအေးချမ်းဘူးနော်။ အေးချမ်းတယ် မထင်နဲ့ ပင်ပန်းတယ်။ လွတ်မြောက်တဲ့တရားရပါ့မလား။ မရဘူး။
❖ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာ ပြန်ရှာ၊ ငါ့ဘဝမှာ မသေခင် ဘာလုပ်ရအုန်းမယ်၊ မသေခင် လုပ်ချင်တာလေး ရှိမနေဘူးလား။ အဲဒါ ကာမစ္ဆန္ဒ ပါလာတယ်၊ နောက် ဗျာပါဒ ပါလာတယ်။ တဏှာ့ကျွန်တဲ့ဗျ။ ဒါဖြင့်ရင် လုပ်ငန်းအားလုံးရဲ့ ပြီးဆုံးခြင်း ရှိတယ်ဆိုတာလေးကို သိလိုက်လို့ရှိရင် သူ့ကို နိုင်ပါတယ်။
❖ ၇ရက်တာမှာ ၇ရက် မပြီးသေးဘူးထင်ရင် ဘုန်းကြီး ပင်ပန်းမှာပေါ့။ အကြီးကြီးထည့်ထားရတာကိုး။ ပြီးနေပြီ။ ဟောရင်းဟောရင်းနဲ့ အစိတ်အပိုင်းတစ်ခုခေါ်တာ၊ ပိုင်းလိုက်ပါ။ ၇ရက်ဆိုတာသည် အတွေးနဲ့ ၂၄နာရီ ပေါင်းထားတာလေ။ ၂၄နာရီ ၇ရက်ပေါင်းထားတာ။ တကယ်မရှိဘူးနော်။
❖ ရက်ကလည်း နာရီတွေ ပေါင်းမထားဘူးလား။ နာရီကလည်း တခါ မိနစ် ၆၀ တစ်နာရီ၊ မိနစ်ပေါင်းထားတာ။ မိနစ်ကလည်း စက္ကန့် ၆၀ ပေါင်းထားတာ။ တကယ်ရှိတာ တစ်စက္ကန့်ချင်းပဲရှိတာ။ ဒီထက်အလွန် မျက်တောင်တစ်ခတ်ပဲရှိတာ။ နောက်ပြန်ဆုတ်လိုက်တော့မှာ အထင်နဲ့ပေါင်းထားကြတာ။
❖ ၇ရက်ဆိုတာ တကယ်ရှိလို့လား။ ရှိဘူး။ ငါ့အသက် ဘယ်တော့ကျရင် ဘာဖြစ်ရမယ်ဆိုတဲ့အတွေး တကယ်မရှိဘူးနော်။ အချိန်နဲ့ယှဥ်တော့မှ စက္ကန့်လေးတွေ ပေါင်းပေါင်းပြီးတော့ မိနစ်ဖြစ်၊ မိနစ်ကိုမှ နာရီဖြစ်၊ နာရီတွေပေါင်းပြီးတော့ ရက်သတ်မှတ်တာကြီးက အမြင်မှားကြီးဖြစ်နေတယ်။
❖ အခုပြောနေတာက သမုတိသစ္စာကို သုံးနေတာ။ လောကပညတ်ကို အခုကျော်မှာ။ ပရမတ္ထသစ္စာကိုသွားမှာ။ မျက်စိမလည်နဲ့။ အဲဒီတော့ တကယ်စစ်လိုက်တော့ ရှူဆဲလေးက တကယ်ရှိတာ။ ထုတ်ဆဲ တကယ်ရှိတာ ဖြစ်နေတယ်။ လက်ခံနိုင်လား။
❖ ၇ရက်ဆိုတာသည် ရက်တွေပေါင်းထားတာ၊ တစ်ရက်က ၂၄နာရီပေါင်းထားတာ။ တခါ ၂၄နာရီ က မိနစ်တွေပေါင်းထားတာ။ မိနစ် ၆၀ တစ်နာရီပေါင်းထားတာ။ မိနစ်၆၀လည်း စက္ကန့် ၆၀ တစ်မိနစ်ကိုပေါင်းထားတာ။ တကယ်ရှိတာက တစ်စက္ကန့်ချင်းပဲရှိနေတာ။ လက်ခံနိုင်လား။
❖ ဒီထက်စိပ်လိုက်တော့ ရှူဆဲလေးပဲရှိတယ်။ ထုတ်ဆဲလေးပဲရှိတယ်။ ဒါ တကယ်ရှိတာ။ ကျန်တာတွေက အထင်နဲ့ပေါင်းထားတာ။ တကယ့်အရှိကိုပဲ နှလုံးသွင်းရမှာလေ။ လက်ခံနိုင်လား။ စိတ်ကို စုလိုက်နော်။ တကယ့်အရှိက ရှူဆဲလေးရှိပဲရှိတယ်။ ပြောဆဲလေးပဲရှိတယ်။ ပြောဆဲလေးမှာ တွေးစရာပေါ်တယ်၊ နှလုံးသွင်းလိုက်တာ မျိုးစေ့ချတာပဲလေ။ သဘောပေါက်ရဲ့လား။
❖ မျိုးစေ့ချရင်းနဲ့ အဝိဇ္ဇာလက်ဦးရင် ရှေ့မှာ လုပ်စရာ အများကြီး ကျန်သေးတယ်ဆိုရင် နှလုံးအေးပါ့မလား။ အဲဒါ အဘိဇ္ဈာ ဒေါမနဿ ခေါ်တယ်။ ရှေးရှုကြံစည်ခြင်း။ ပြန်စုနော်၊ စုနော်။ စီမံကိန်းတွေရှိတာရှိတယ်၊ လောကပညတ်ရှိတာ မှန်တယ်။ သို့သော် အဲဒါကြီးကို အချိန်တိုင်းထည့်ထားရင် ဘယ်သူရှုံးတုံး။
❖ လမ်းကြောင်းတော့ ရွေးပြီးပြီ၊ လမ်းကြောင်းမှန်ရွေးပြီးပြီ။ လုပ်တဲ့အခါကျတော့ကား အချိန်သေးသေးလေး ပြန်ပိုင်းလိုက်ပါ။ တကယ့်ကို ပြောဆဲဆိုဆဲက ၇ရက်တာ ကိစ္စကြီးရဲ့ ပြီးဆုံးခြင်းကို ရောက်နေပြီ။ အစိတ်အပိုင်းတစ်ခု ပြီးပြီးသွားတာဗျာ။ ၇ရက်စခန်းရဲ့ ပြီးဆုံးခြင်းက ပြောရင်းနဲ့ ပြီးဆုံးနေတာပဲ။ ပြီးဆုံးတာကို သိထားနော်။
❖ ပြောရင်းနဲ့ပဲ အချိန်နဲ့အမျှ ပြီးဆုံးနေပြီ။ ပြီးဆုံးတာမှာ မျိုးစေ့က အမြတ်ရလိုက်ပြီလေ။ ဆန္ဒစောနေရင် အမြတ်ရပါ့မလား။ မရဘူး။ နားလည်ပြီနော်။ တွေးတဲ့အတွေးလေးတွေမှာ မေတ္တာပေါင်းရမယ်။ သစ္စာအမှန်တရားတွေကို သင်ရင်းနဲ့ နှလုံးသွင်းကြရမယ်။ ပျော်လို့ ပီတိဖြစ်ရင်တော့ အချိန်တိုင်း အမြတ်ရသွားပြီ။ လောင်တော့လောင်တယ်၊ ပြီးတော့ပြီးတယ် အမြတ်ရတာပေါ့။ တဏှာ့ကျွန်ဘဝ လွတ်တယ်လို့ခေါ်တယ်။
❖ မသိဘဲနဲ့ ဆန္ဒစောပြီးတော့ အသေမေ့ပြီး လုပ်ရင်တော့ တဏှာ့ကျွန်ဘဝ မလွတ်ဘူး၊ မျိုးစေ့မကောင်းဘူးလေ။ မျိုးစေ့မှာက ကိလေသာမျိုးစေ့၊ အမှောင်သတ္တိ၊ ကိလေသာသတ္တိတွေက ကိန်းမသွားဘူးလား။ ကိန်းရင် ရှုံးတယ်။ သဘောပေါက်ကြလား။ အတွေးအားလုံးသည် ကိုယ့်ရဲ့အနာဂတ်မျိုးစေ့ဖြစ်ပါသည်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
၂၀၂၆ ဇူလိုင်လ ယောဂီဟောင်းတရားစခန်းတွင် ဟောကြားတော်မူခဲ့သော ဟောစဥ်(၂) #သံဝေဂတရားတော်မှ စာစီပူဇော်ပါသည်။
#တရားနာယူရန်
https://www.youtube.com/live/x0sQD4uefCE?si=iZ5ul9gB8uPZezxH

