★ နောက်ထပ် ၆မိနစ်ဆို ဘုန်းဘုန်းတို့ နားဖို့အချိန်ရောက်ပြီ။ မုဒိတာလေး လုပ်ကြရအောင်။ ဘာလေး လုပ်ချင်တုန်းဆိုတော့ ကိုယ့်ဘဝမှာ ကိုယ်အကောင်းဆုံး လုပ်နိုင်ခဲ့တဲ့အရာတစ်ခု ပြန်တွေးပြီးတော့ ဒီလောကကနေ ထွက်ခွါသွားတဲ့အချိန်မှာ ဘယ်လိုသမိုင်းကောင်း ချန်ထားချင်တုံး။
★ သားကောင်း သမီးကောင်း တစ်ယောက်အနေနဲ့လား။ ခင်ပွန်းကောင်း ဇနီးကောင်း တစ်ယောက်အနေနဲ့လား။ မိကောင်းဖကောင်းအနေနဲ့လား။ မောင်နှမကောင်း တစ်ယောက်အနေနဲ့လား။ အလုပ်ရှင် တစ်ယောက်အနေနဲ့လား။ ဝန်ထမ်းကောင်း တစ်ယောက်အနေနဲ့လား။ လုပ်ငန်းရှင်ကောင်း တစ်ယောက်အနေနဲ့လား။
★ ကြိုးစားတဲ့သူ တစ်ယောက်အနေနဲ့လား။ ဘယ်လိုပဲဖြစ်ဖြစ် လက်မလျှော့ဘူး ကြိုးစားတဲ့လူတစ်ယောက်အနေနဲ့လား။ ကိုယ့်ဟာကိုယ် ပြန်သုံးသပ်ပြီး ကိုယ့်ဟာကိုယ် အသိအမှတ်ပြုပါ၊ ဂုဏ်ယူပါ။ ၄ မိနစ် တရားထိုင်မယ်။
★ ဝင်လေထွက်လေကနေပြီးတော့ စမယ်နော်။ ပြီးရင် တစ်ဘဝလုံးမှာ ကိုယ်အကောင်းဆုံးကြိုးစားပြီးတော့ လုပ်ခဲ့တဲ့အလုပ်၊ ကိုယ့်ရဲ့ကြိုးစားမှုကို တစ်ခုပြီးတစ်ခု၊ ကိုယ်ကြိုးစားခဲ့တာ တစ်နှစ်ပြီးတစ်နှစ် ပြန်စဥ်းစားပါ။
★ တခြားလူတွေ မနှိုင်းယှဥ်နဲ့။ ဒီတစ်ခုတော့ ပြောပါရစေ၊ သူများနဲ့ မနှိုင်းယှဥ်နဲ့ နှိုင်းယှဥ်စရာ မလိုဘဲနဲ့ ကိုယ်က တန်ဖိုးရှိနေတယ်။ တန်ဖိုးရှိပြီးသားပါ။
★ ကိုယ်အကောင်းဆုံးကြိုးစားနိုင်အောက် ကိုယ်နဲ့အတူရှိနေတဲ့ လူတွေ အများကြီးရှိတယ်။ ကိုယ့်ရဲ့ ဘဝခရီး သံသရာခရီးမှာ ကိုယ်နဲ့အတူရှိနေတဲ့ လူတွေပေါ့။ ကိုယ့်ရဲ့မိဘ၊ တချို့ကျတော့ ကံကောင်းလို့ အဖိုးအဖွားပါရှိတယ်၊ တချို့ဆိုရင် မောင်နှမပါ ရှိတယ်၊ သူငယ်ချင်းတွေရှိတယ်၊ ဆရာသမားတွေရှိတယ်။
★ အဲဒီထဲမှာ တစ်ယောက်ကို ရွေးပြီးတော့ သူ့ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုပေးပါ။ သူရဲ့အကောင်းဆုံးသီချင်းကို ရွေးပြီးတော့ နားထောင်တယ်ပေါ့၊ ကဗျာဆန်ဆန်ပြောရင်။
★ ဝင်လေထွက်လေလေး ပြန်ကြည့်ပေးပါ။ ကျကျနန နှစ်ကြိမ်သုံးကြိမ်လောက် ကျကျနန အသက်ရှူပေးပါ။
အချိန်စေ့ပါပြီ။ ဘုန်းဘုန်းတို့ ခဏလေး နားမယ်နော်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏
(၈.၁၀.၂၀၂၆) မန္တလေးမြို့ ကြင်းတော်ယန်ဗုဒ္ဓဘာသာကျောင်းတွင် ဟောကြားတော်မူခဲ့သော “အရေးအကြောင်းနဲ့ဆိုရင် မုဒိတာစိတ်ထားအမြင် အားကိုးလို့ရသလား? - Is Appreciative Mindset of Any Use in Critical Situations?” တရားသင်တန်း (ပထမအချိန်) တရားတော်မှ စာစီပူဇော်ပါသည်။

