★ fixed mindset နဲ့ growth mindset သူတို့ပြောတဲ့ဟာလေး စိတ်ဝင်စားစရာကောင်းတာက ကလေးတွေ မလုပ်နိုင်သေးတဲ့အရာကို ကိုယ်က သူမလုပ်နိုင်ဘူးလို့ ကိုယ်မြင်ရင် fixed mindset ထဲ ဝင်ဝယ်တဲ့။ သူ မလုပ်နိုင်သေးဘူးလို့မြင်ရင်တော့ growth mindset ထဲမှာ။
★ နည်းနည်းပဲကွာတယ်။ ကိုယ်နားမလည်တဲ့ဟာကို I don’t understand it. လို့ပြောရင် fixed mindset ထဲ ဝင်နိုင်တယ်တဲ့။ I don’t understand it yet. အဲဒီလိုမြင်ရင်တော့ growth mindset ထဲ ဝင်သွားတယ်တဲ့။
★ I don’t understand yet ဆိုတော့ သူက You don’t give up yet. You still have hope. You still have the determination and intention to try it again. အဲဒါကို growth mindset လို့ပြောတယ်။
★ မဟာဇနကမင်းသားလို တခါတည်း လှေမှောက်တဲ့အခါကျတော့ ကူးရမှာ၊ ကမ်းက ဘယ်လောက်ဝေးတယ်ဆိုတာ မသိဘူး။ ကူးနိုင်ရဲ့လားဆိုတာလည်း မသိဘူး။ ကူညီမဲ့လူရှိလား၊ ကယ်ဆယ်ရေး လှေ ရှိလား ဆိုတာလည်း မသိဘူး။
★ မသိပေါင်းများစွာနဲ့ uncertain ဖြစ်နေတဲ့ အခြေအနေမှာ ကိုယ့်ရဲ့စိတ်က ဘယ်လိုနေတုံး၊ resilience က ဘယ်လိုနေတုံး။ စိတ်ဓါတ်က ဘယ်လိုနေတုံး၊ တက်လားကျလား။ အဲဒီလို အခြေအနေမျိုး။ ဒါလည်း အဲဒီအတိုင်းပဲ။ သူတို့ လုံးဝ မဖြေနိုင်ဘူး၊ အသေအချာကျမယ့် မေးခွန်းတွေကို မေးထားတာ။
★ အဲဒီမှာ ကလေးနှစ်အုပ်စုက response မတူဘူး။ ဘယ်ကနေစတုန်းဆိုတော့ growth and fixed mindset ထဲ အဲဒါကြောင့်ဖြစ်တာတဲ့။ growth mindset, fixed mindset ဘယ်ကနေစတုန်းဆိုတော့ ဘေးပတ်ဝန်းကျင်ကနေစတာ။ ဉာဏ်ကောင်းတယ်လို့ ပြောလိုက်ရင် သူက လွယ်တယ်လေ။
★ လွယ်ရုံတင်မကဘူး သူက damaging ဖြစ်တာကိုပြောတာ။ ချီးမွမ်းခံရတဲ့လူက feedback အဲဒီလိုပေးခံရတဲ့လူက တစ်ခဏတာတော့ စိတ်ထဲမှာ ပီတိဖြစ်သွားတာပေါ့။ ဒါပေမဲ့ သူ ဉာဏ်မကောင်းတော့ မြင်ခံရမှာ သူက အရမ်းကြောက်တယ်၊ စိုးရိမ်စိတ်တွေဖြစ်တယ်။ ငါ ဖြစ်သွားတာကိုး။ ငါ ငါ fixed ဖြစ်တာ။
★ Identity အနေနဲ့လည်း fixed ဖြစ်တယ်၊ ယုံကြည်မှုအနေနဲ့လည်း fixed ဖြစ်သွားတယ်။ growth mindset ရှိတဲ့လူကြတော့ ကြိုးစားရင်ရတာပဲ၊ အရင်တစ်ခေါက် ငါ မသိတဲ့ဟာ၊ အခု သိလာပြီ။ အခု ပိုသိလာပြီ ဆိုတဲ့ပုံစံမျိုး အဲဒီဖြစ်စဥ် process of growth ကို သူက သတိထားမိတာတဲ့။
★ ဒီမှာကြည့် growth mindset ရှိတဲ့ကလေးက ကြိုးစားတယ်လို့ ပြောခံရတဲ့ကလေး။ Enjoy it. သူလည်း မဖြေနိုင်ပါဘူး။ မဖြေနိုင်ဘဲနဲ့ enjoy ဖြစ်တယ်ဆိုတာ ဒါ နည်းတဲ့အရည်အသွေးတော့ မဟုတ်ဘူး။
★ ဒီ growth mindset ကို ကမ္ဘာပေါ်မှာ အကြီးဆုံးကုမ္ပဏီကြီးငါးရာဆိုတာ five hundred fortune companies သူတို့တွေ အသုံးပြုတယ်။ သူတို့ရဲ့ workforce ကို motivate လုပ်နိုင်အောင် လုပ်ငန်းခွင်ထဲမှာ ပျော်အောင်ပေါ့။ လုပ်ငန်းခွင်ထဲမှာ ပျော်မှ productivity က ကောင်းတာတဲ့၊ performance က ကောင်းတာ။
★ ဒါဖြင့် မုဒိတာနဲ့ ဆက်စပ်ပြီးတော့ ပြောမယ်ဆိုရင် effort ဆိုတဲ့ ကြိုးစားကို အဓိကထားပြီးတော့ မုဒိတာ လုပ်တာ။ ဒါ နံပါတ်တစ်အချက်။
★ နောက်တစ်ခုက တခြား ဗီဒီယိုထဲမှာ ပါတယ်၊ အဲဒါတော့ ဘာတုန်းဆိုတော့ အခက်အခဲရယ်၊ အမှားရယ်၊ နောက်ပြီးတော့ feedback ရယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးတော့ analyze လုပ်ရတာ။
★ Growth နဲ့ fixed mindset ကွာတာ၊ growth mindset ရှိတဲ့လူက ကြိုးစားမှုကို ယုံကြည်တယ်။ fixed mindset ရှိတဲ့လူကျတော့ မွေးကတည်းက တော်လာတဲ့လူက တော်လာတာပဲ ကြိုးစားဖို့ မလိုဘူးဆိုပြီး ကြိုးစားမှုကို မယုံကြည်ဘူး။ မွေးကတည်းက မတော်လာတဲ့လူကလည်း ကြိုးစားလည်း မပြောင်းလဲနိုင်ဘူးဆိုပြီး ကြိုးစားမှုကို မယုံကြည်ကြဘူး။
★ Growth mindset ရှိတဲ့လူကျတော့ ကြိုးစားမှုကို ယုံကြည်တယ်။ ယုံကြည်မှုမှာ ပထမတစ်ချက်ကွာတာ။ ဒုတိယအချက်ကေတာ့ focus, growth mindset ရှိတဲ့လူက growth process ကို သူက စိတ်ဝင်စားတယ်။ A ကနေ ဘယ်လိုရောက်အောင်၊ B ကနေ C ၊ C ကနေ ဘယ်လိုရောက်အောင်သွားတယ်။ အဲဒီလို growth process ကို စိတ်ဝင်စားတယ်။
★ Fixed mindset ရှိတဲ့လူကျတော့ မဟုတ်ဘူး end result တစ်ခုတည်းကိုပဲ စိတ်ဝင်စားတယ်။ အဲဒါကြောင့်မို့လို့ လွယ်ကူတဲ့မေးခွန်းတွေ ရွေးပြီးတော့ အမှတ်များအောင်ဖြေတယ်။ သူက end result တစ်ခုတည်းကိုပဲ care လုပ်လို့။
★ အဲဒါကြောင့်မို့လို့ ခက်ခဲတဲ့အလုပ်တွေကို ရွေးတယ်ဆိုရင်တော့၊ ခက်ခဲတဲ့မေးခွန်းတွေ ရွေးတယ်ဆိုရင်တော့ ကျောင်းသားတွေအနေနဲ့ မှားတာလည်း ရှိမှာပဲ။ အဲဒီ မှားမှာကြောက်တာလား။ fixed mindset ရှိတဲ့လူကျတော့ မှားတဲ့ဟာကို ငါညံ့လို့ မှားတာဆိုပြီး အဲဒီလိုမြင်တယ်။
★ growth mindset ရှိတဲ့လူကျတော့ အမှားဟာ ရှေ့ရောက်ဖို့အတွက် အထောက်အကူဖြစ်တယ်၊ အဲဒီအမှားကိုပဲ ပြန်လေ့လာဖို့လိုတာ။ ဒီတိုင်းဆို နောက်တစ်ခါ မမှားတော့ဘူး။ မမှားသေးတဲ့လူကတော့ ဘယ်အချိန်မှားမယ်မသိဘူး၊ မှားနိုင်ချေရှိတယ်။ အဲဒီလိုနဲ့ အမှားကို မကြောက်ဘဲနဲ့ သူတို့တွေ ကြိုးစားကြတယ်တဲ့။
★ နောက် မှားပြီဆိုရင် feedback ရှိတယ်။ အဲဒီ feedback ရတဲ့အချိန်မှာလည်း fixed mindset ရှိတဲ့လူကျတော့ ငါ ညံ့လို့ feedback ပေးခံရတယ်ဆိုပြီးတော့ အဲဒီလိုမြင်တယ်။ personalized လုပ်တယ်ပေါ့။ growth mindset ရှိတဲ့လူကျတော့ အဲဒီလိုမဟုတ်ဘူး။ ဒီလို feedback မျိုးနဲ့ဆိုရင်တော့ ငါ မြန်မြန် တိုးတက်မှာပဲ။ မြင်တာ အကောင်းမြင်ဝါဒရှိတယ်။
★ ဒီ learning institution တွေအနေနဲ့ ဒီ growth mindset က မရှိမဖြစ် အခုခေတ်မှာတော့ အဲဒီလို ယူဆပြီးတော့ လေ့လာကြတယ်။ ဒါကြောင့်မို့လို့ ဘုန်းဘုန်းတို့ နောက်ထပ် ၃မိနစ်လောက် မုဒိတာလေး ပွားကြရအောင် growth mindset နဲ့ ဆက်စပ်ပြီးတော့။
★ အထူးသဖြင့် ကြိုးစားမှုကို အသိအမှတ်ပြုပေးပါ။ ကြိုက်တဲ့လူ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ပြီးတော့ မုဒိတာပွားချင်ပွား၊ မဟုတ်ရင်လည်းပဲ ကိုယ် သိတဲ့လူဖြစ်ဖြစ်၊ မသိတဲ့လူဖြစ်ဖြစ်။ ဆေးတွေ trial လုပ်တယ်ဆိုတာ အကြိမ်ကြိမ်လုပ်ရတာပဲ၊ အကြိမ်ကြိမ်မှားလို့။ အဲဒီကနေပြီးတော့ မှန်လာတာ။
(မုဒိတာ ၃မိနစ် ပွားနေပါ)။
အချိန်ပြည့်ပါပြီ။မေးခွန်းတွေရှိရင် မေးနိုင်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏
(၉.၁၁.၂၀၂၅) မန္တလေးပြည်သူ့ဆေးရုံကြီတွင် ဟောကြားတော်မူခဲ့သော “Mudita and Growth Mindset at Workplace - လုပ်ငန်းခွင်အတွင်း မုဒိတာနှင့်တိုးတက်စိတ်ထား” တရားတော် မှ စာစီပူဇော်ပါသည်။
